fbpx

Leadership Team

Daw Mi Mi Sein (CEO)

ဒေါ်မိမိစိန်သည် ၁၉၉၅ ခုနှစ်တွင် Association of Chartered Certified Accountants (ACCA) ကိုလည်းကောင်း၊ ၂၀၀၇ ခုနှစ်တွင် Fellow Member of Association of Chartered Certified Accountants (FCCA) ကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် HBS – Accion Program on Strategic Leadership in Inclusive Finance ကို Harvard Business School မှလည်းကောင်းရရှိခဲ့ပါသည်။ ၁၉၉၉ခုနှစ်မှစ၍ London ရှိ Audit Firmsများနှင့် Industry မျိုးစုံတွင် ၂၀၁၄ ခုနှစ်အထိလုပ်ကိုင်ခဲ့သူဖြစ်ပါသည်။၂၀၁၄ ခုနှစ်တွင် မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာပြီး ပုဂ္ဂလိကဘဏ်အချို့တွင် Chief Financial Officer အဖြစ်လုပ်ကိုင်ခဲ့ပါသည်။ 

U Myo Wynn Thann (Deputy CEO)

ဦးမျိုးဝင်းသန်းသည် ၂၀၀၄ ခုနှစ်တွင် B.Sc (Hons) Computing and Information System ဘွဲ့ကို London Metropolitan University – UK မှလည်းကောင်း၊ ၂၀၁၅ ခုနှစ်တွင် Master of Business Administration (MBA) ဘွဲ့ကို Yangon University of Economics မှလည်းကောင်း ရရှိခဲ့ပါသည်။ ဘဏ်လုပ်ငန်းသို့ မဝင်ရောက်ခင်က KMD Co., Ltd၊ Sunrise Co., Ltd နှင့် Viva Entertainment Co., Ltd တို့တွင် လုပ်ကိုင်ခဲ့ဖူးပြီး ၂၀၁၀ ခုနှစ်မှ စတင်၍ IT Engineer အဖြစ်ဘဏ်လုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်ခဲ့ပါသည်။ Core Banking System၊ Online Utilities Bill Payment၊ Tele-banking၊ Internet Banking and Mobile Banking၊ Mobile Wallet၊ Credit Card Issuing Project and Payment Gateway ကဏ္ဍများတွင်ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး A bank တွင် Chief Technology Officer အဖြစ် ၂၀၁၈ ခုနှစ်မှ စတင်တာဝန်ထမ်းဆောင်ခဲ့ကာ ယခုလက်ရှိတွင် Chief Operating Officer အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်လျက်ရှိပါသည်။

U Htin Kyaw Thein (CCO)

ဦးထင်ကျော်သိန်းသည် ၁၉၉၃ ခုနှစ်တွင် Bachelor of Commerce (B. Com) ဘွဲ့နှင့် ၁၉၉၈ ခုနှစ်တွင် Post Graduate Diploma in Management Administration ဘွဲ့တို့ကို Yangon Institute of Economics မှလည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် Master of Public Policy ဘွဲ့ကို National Graduate Institute for Policies Studies, Tokyo, Japan မှလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် Master of Banking and Finance (MBF) ဘွဲ့ကို Yangon Institute of Economics မှလည်းကောင်း ရရှိခဲ့ပါသည်။ ၁၉၉၅ ခုနှစ်မှစတင်၍ Myanmar Foreign Trade Bank တွင် Assistant Manager ရာထူးမှ Manager ရာထူးအထိ (၁၇) နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ် IT Department တွင် Deputy Director အဖြစ် ၂၀၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တာဝန်ထမ်းဆောင်ခဲ့ပါသည်။ အခြားပုဂ္ဂလိကဘဏ်များတွင် ၂၀၁၄ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ Deputy Head of Compliance ရာထူးမှ Deputy Chief Compliance Officer ရာထူးအထိ အဆင့်ဆင့်တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဘဏ်လုပ်ငန်းအတွေ့အကြုံများစွာရှိသူဖြစ်ပြီး A bank တွင် Chief Compliance Officer အဖြစ် ၂၀၂၁ ခုနှစ်မှ စတင်၍ တာဝန်ထမ်းဆောင်လျက်ရှိပါသည်။