fbpx

A bank နဲ့အတူ မေတ္တာလှူအဖြစ် Save The Aged ဘိုးဘွားရိပ်သာတွင် သွားရောက်လှူဒါန်းခြင်း

A bank မှ A World with You (A bank နဲ့အတူ မေတ္တာလှူ) CSR Program အဖြစ် သီတင်းကျွတ် အခါသမယမှာ ဘိုးဘိုးဘွားဘွားတွေကို သွားရောက် လှူဒါန်းသည့်အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ၂၇ ရက်နေ့က ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ရှိ Save The Aged ဘိုးဘွားရိပ်သာမှာ A bank ရဲ့ CSR အစီအစဉ်အဖြစ် သွားရောက် လှူဒါန်းခဲ့မှုများကို အားလုံးပီတိဖြစ်စေရန် ဝမ်းမြောက်စွာ မျှဝေလိုက်ပါသည်။
Save The Aged ဘိုးဘွားရိပ်သာတွင် နေ့လယ်စာကျွေးမွေးခြင်း၊ ဆန်နှင့် အခြားလိုအပ်သော အသုံးအဆောင်ပစ္စည်းများနှင့် ပဒေသာပင်ငွေသားအလှူတို့ကိုပါ လှူဒါန်းခဲ့သည့်အပြင် ဘိုးဘိုးဘွားဘွားများ စိတ်ပျော်ရွှင်စေရန် တေးဂီတ ဖျော်ဖြေမှုများပါ ပြုလုပ်ခဲ့ကြပါသည်။
ထို CSR အစီအစဉ်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရရှိရေးအတွက် ဝိုင်းဝန်းကူညီပေးခဲ့သော A bank ဝန်ထမ်းများ၊ ရန်ပုံငွေ ရရှိရေးအတွက် သီချင်းသီဆိုဖျော်ဖြေမှုအစီအစဉ်၊ Bingo ဂိမ်း အစီအစဉ်များတွင် အတူတကွပါဝင်ပြီး အလှူငွေ ထည့်ဝင်ပေးကြသော A bank ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါသည်။
ထို့ပြင် ‘A bank နဲ့အတူ မေတ္တာလှူ’ အဖြစ် A bank မှာ Savings Account အသစ် လာရောက်ဖွင့်လှစ်ပြီး အပ်ငွေ အပ်နှံကြသော မိတ်ဟောင်းမိတ်သစ် Customer များကိုလည်း အထူးကျေးဇူးတင်အပ်ပါသည်။
A bank အနေဖြင့် “Standing with our community together” လူမှုအဖွဲ့အစည်းနှင့်အတူရပ်တည်ခြင်းဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူထုအကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အတက်နိုင်ဆုံး ကူညီပံ့ပိုးလျက်ရှိပါသည်။