fbpx

A bank ရဲ့ ‘A World With You’ CSR အစီအစဉ်

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၂၄ ရက်နေ့က ရန်ကုန်မြို့၊ ကျိုက်ဝိုင်းဘုရားလမ်းရှိ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာမှာ A bank ၏ အမှုဆောင်အရာရှိချုပ် ဒေါ်မိမိစိန်နှင့်အတူ ဌာနဆိုင်ရာအကြီးအကဲများ၊ လုပ်အားပေး ဝန်ထမ်းများက A bank ရဲ့ ‘A World With You’ CSR အစီအစဉ်အဖြစ် သွားရောက် လှူဒါန်းခဲ့မှုများကို အားလုံးပီတိဖြစ်စေရန် ဝမ်းမြောက်စွာ မျှဝေလိုက်ပါသည်။
 
A bank ဝန်ထမ်းများမှ မသန်စွမ်းကလေးများ ပြုစုစောင့်ရှောက်ရေးဂေဟာအတွက် အလှူငွေ ကျပ် သိန်း ၅၀ လှူဒါန်းခြင်း၊ နေ့လယ်စာနှင့် ဖြည့်စွက်စာ ကျွေးမွေးခြင်းအပြင် သီချင်းသီဆိုဖျော်ဖြေမှုများကို ပြုလုပ်ခဲ့ပြီး ကလေးများနှင့်အတူ ကြည်နူးစရာ အမှတ်တရနေ့တစ်နေ့ကို ဖန်တီးနိုင်ခဲ့သည်။ A bank ရဲ့ အထူးပါတနာ ဖြစ်တဲ့ MDG ကလည်း ကလေးများအတွက် ဖြည့်စွက်စာ VIGO ကွေကာအုတ်ကိုလည်း ပါဝင်လှူဒါန်းပေးသည့်အတွက်လည်း အထူးကျေးဇူးတင်ရှိပါသည်။
 
‘A World With You’CSR Program တွင် ရန်ပုံငွေရရှိရေးအတွက် တဖက်တလမ်း မှ ပံ့ပိုးပေးခဲ့သော A bank ဝန်ထမ်းများ၊ Fundraising Activity များဖြစ်သော သီချင်းသီဆိုဖျော်ဖြေမှုအစီအစဉ်၊ Bingo ဂိမ်း အစီအစဉ််နှင့် Money Drop ဂိမ်းအစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ပြီး အလှူငွေ ထည့်ဝင်ပေးကြသော A bank ဝန်ထမ်းများနှင့် ဖျော်ဖြေတင်ဆက်ရန်ကူညီပေးသော တီးဝိုင်အဖွဲ့အား အထူးကျေးဇူးတင်ရှိပါသည်။
 
A bank အနေဖြင့် “Standing with our community together” လူမှုအဖွဲ့အစည်းနှင့်အတူရပ်တည်ခြင်းဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူထုအကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အတက်နိုင်ဆုံး ကူညီပံ့ပိုးလျက်ရှိပါကြောင်း အသိပေးတင်ပြအပ်ပါသည်။
 
#ABANK
#standingwithyou
#CSRprogramm