fbpx

A bank ၈ နှစ်ပြည့်အထိမ်းအမှတ် ရန်ကုန်ကလေးဆေးရုံကြီးသို့ သွားရောက်လှူဒါန်းခြင်း

A bank မှ ၈ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် A World with You (A bank နဲ့အတူ မေတ္တာလှူ) CSR Program အဖြစ် ရန်ကုန်ကလေးဆေးရုံကြီးသို့ နိုဝင်ဘာ ၁၆ ရက်က သွားရောက် လှူဒါန်းသည့်အစီအစဉ်ကို ပြုလုပ်ခဲ့ပါသည်။
ထို CSR အစီအစဉ်တွင် အယောက် ၂၀၀ ကျော်အတွက် နေ့လယ်စာ၊ ကလေးများအတွက် ကစားစရာအရုပ်များအပြင် A bank ၈ နှစ်ပြည့်အတွက် ငွေကျပ် သိန်း ၈၀ တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း A bank ၏ မိတ်ဟောင်းမိတ်သစ်များအား ဝမ်းမြောက်ပီတိဖြစ်စေရန် မျှဝေပေးလိုက်ပါသည်။ CSR အစီအစဉ်ဖြစ်မြောက်ရေးအတွက် Volunteer အဖြစ်ဝိုင်းဝန်းကူညီပေးခဲ့သော A bank ဝန်ထမ်းများအား ကျေးဇူးတင်ရှိပါသည်။

A bank အနေဖြင့် “Standing with our community together” လူမှုအဖွဲ့အစည်းနှင့်အတူရပ်တည်ခြင်းဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူထုအကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုးလျက်ရှိသည့်အပြင် နောက်လများမှာလည်း အမှန်တကယ်လိုအပ်သည့် နေရာများသို့ ထပ်မံသွားရောက် လှူဒါန်းသွားမည် ဖြစ်ပါသည်။