fbpx

Doh Eain နှင့် ပူးပေါင်း၍ CSR အစီအစဉ် ဆောင်ရွက်ခြင်း

A bank နှင့်အတူ မေတ္တာလှူ (A World with You) CSR Program အဖြစ် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နှင့် ၂၁ ရက်နေ့တို့တွင် ရန်ကုန်မြို့ရဲ့မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် “Doh Eain” နှင့် ပူးပေါင်း၍ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ၁၀၁ လမ်း နောက်ဖေးလမ်းကြား ပြန်လည်ပြင်ဆင်မွမ်းမံခြင်း (သန့်ရှင်းရေးလုပ်ခြင်းနှင့် ဆေးရောင်ခြယ်ခြင်း) ကို ပြုလုပ်ခဲ့ပါသည်။
ထိုအစီအစဉ်တွင် A bank ဝန်ထမ်းများနှင့်အတူ “Doh Eain” ၊ ရပ်မိရပ်ဖများနှင့် ပြည်တွင်းအနုပညာရှင်များ ပူးပေါင်း၍ မြို့ပြပတ်ဝန်းကျင် ထိန်းသိမ်းမွမ်းမံခြင်းနှင့် သန့်ရှင်းသပ်ရပ်ရေးတို့ကို အလေးပေးလုပ်ဆောင်ခဲ့ကြသည်။ CSR အစီအစဉ်ဖြစ်မြောက်ရေးအတွက် ပူးပေါင်းပါဝင်ခဲ့ကြသော ရပ်ကွက်နေပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။
A bank အနေဖြင့် “Standing with our community together” လူမှုအဖွဲ့အစည်းနှင့်အတူရပ်တည်ခြင်းဆိုသည့် ဆောင်ပုဒ်နှင့်အညီ လူထုအကျိုးပြုလုပ်ငန်းများကို တစ်ဖက်တစ်လမ်းမှ အတတ်နိုင်ဆုံး ကူညီပံ့ပိုးလျက်ရှိပါသည်။