fbpx

U Ye Myat Soe

ဦးရဲမြတ်စိုးသည် ယခင် Horizon Telecom International Co., Ltd. Group CEO အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ၎င်းအဖွဲ့အစည်းတွင် ၂၀၁၂ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ၊ (၂)နှစ်နှင့် (၄) လတာဝန်ထမ်းဆောင်ခဲ့ပါသည်။ ၁၉၈၂ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ Oil & Gas Company များတွင် Geophysicist၊ Technical Advisorအဆင့်အထိရာထူး တာဝန်အဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ဦးရဲမြတ်စိုး သည် B.Sc (Geology)ဘွဲ့ကို ၁၉၈၁ ခုနှစ်တွင် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်မှ လည်းကောင်း၊ DAC ဘွဲ့ကို ၁၉၈၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ လည်းကောင်း၊ MBA ဘွဲ့ကို ၂၀၀၄ ခုနှစ်တွင် ရန်ကုန် စီးပွားရေးတက္ကသိုလ် မှလည်းကောင်းရရှိခဲ့ပါသည်။ A bank တွင် အုပ်ချုပ်မှုဒါရိုက်တာအဖြစ် ၂၃-၁၂-၂၀၁၄ခုနှစ်မှစတင်တာဝန် ထမ်းဆောင်ခဲ့ပြီး ယခုအချိန်တွင် MD/ CEO အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါသည်။