fbpx

Myint Myint San

ကျွန်မနာမည်ကတော့
မြင့်မြင့်စန်းဖြစ်ပါတယ်။ A Bank ရဲ့ဝန်ထမ်းတစ်ဦး ဖြစ်ပြီး Loan Administration ဌာနမှာ Senior Executive ရာထူးဖြင့် တာဝန်ထမ်းဆောင်နေပါတယ်။A Bank ရဲ့ ဝန်ထမ်းတစ်ဦးအနေဖြင့် အလုပ်နဲ့ပတ်သက်သော ကျွန်မရဲ့ ခံစားချက်တချို့ကို မျှဝေပေးချင်ပါတယ်။၂၀၁၇ခုနှစ်တွင် A Bankမှာ အလုပ်ဝင်ခဲ့ပြီးနောက် ကျွန်မတို့ Department Headရဲ့ အတွေ့အကြုံကောင်းတွေနှင့် အမျိုးမျိုးသင်ကြားပြသပေးမှုတွေကို လက်ခံရရှိခဲ့ပါတယ်။ ဝန်ထမ်းအချင်းချင်းဖော်ရွေမှု၊ ဌာနအချင်းချင်းပူးပေါင်းဆောင်ရွက်မှု၊ စည်း စည်းလုံးလုံးတက်ညီလက်ညီ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် ပျော်ရွှင် ဖွယ်ကောင်းသောလုပ်ငန်းခွင်ကို ရရှိခဲ့ပါတယ်။ ထို့အပြင် ကုမ္ပဏီမှ ဝန်ထမ်းများ ၏လူနေမှုဘဝ အဆင်ပြေစေရန် ဝန်ထမ်းချေးငွေများ ထုတ်ချေးပေးခြင်း စသည်တို့ကြောင့် A Bank ၏ဝန်ထမ်းတစ်ဦးဖြစ်ခွင့်ရသည့် အတွက် ဂုဏ်ယူ မိပါတယ်။မတူညီသော Product များနှင့် Service များနှင့်ပတ်သက်ပြီး အတွေ့အကြုံ များစွာရရှိခဲ့ပြီး မိမိ၏အသက်မွေးဝမ်းကျောင်းကို ပိုပြီးမြင့်တက်စေနိုင်ခဲ့ ပါသည်။ ဒါကြောင့် A Bank ၏တိုးတက်မှုတွေကို အကောင်းဆုံးပုံဖော်ကြိုးစားရင်း အားလုံးနှင့်အတူရှိနေမှာပါ။