fbpx

သီတင်းကျွတ်လပြည့်နေ့

သီတင်းကျွတ်
လပြည့်နေ့ သည် ဗုဒ္ဓဘာသာအား သက်ဝင် ယုံကြည်သူတို့ အတွက် နေ့ထူးနေ့မြတ်ကြီး တစ်နေ့ ဖြစ်သည်။ သီတင်းကျွတ် လပြည့်နေ့ သည်လည်း မြတ်စွာဘုရားရှင် တာဝတိံသာ နတ်ပြည်မှ သင်္ကဿ နဂိုရ်ပြည်သို့ ကြွမြန်း ဆင်းသက်တော် မူလာသည့်နေ့ ဖြစ်သဖြင့် ထူးမြတ်သောနေ့ အဖြစ်အသိအမှတ်ပြုကြပြီး မြတ်စွာဘုရားရှင် ဆင်းသက်ကြွမြန်းလာသည်ကို ရည်စူး၍ ဘုရားရှင်အားပူဇော်သည့်အနေဖြင့် ထိုနေ့တွင် မီးများ ထွန်းကာမြင့်မိုရ်ပွဲ ဆင်ယင်ကျင်းပခဲ့ကြပါသည်။ သို့ပါ၍ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်အခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ၍ ကြံတိုင်းအောင် ဆောင်တိုင်းမြောက်ပြီး ရောဂါဘေးဘရာများ ကင်းဝေးကြပါစေကြောင်း A bank မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်…

၂၀၂၀ခုနှစ်၊ အောက်တိုဘာလ (၂၉)ရက်မှ နိုဝင်ဘာလ (၂)ရက်နေ့အထိ အများပြည်သူဆိုင်ရာ “သီတင်းကျွတ်” ရုံးပိတ်ရက်ဖြစ်ပါသောကြောင် အဆိုပါနေ့များတွင်A bank ၏ရုံးချုပ်နှင့် ဘဏ်ခွဲများအားလုံးပိတ်ထားမည်ဖြစ်ပြီး A bank ၏ Mobile banking ၊ Internet banking ဝန်ဆောင်မှုတို့အား (၂၄) နာရီပုံမှန်အတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါကြောင်းလေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်…