fbpx

အသေးသုံးနိုင်ငံခြားငွေများ(USD, THB) ငွေသားဝယ်ယူနိုင်ပြီ

ပြည်ပသို့ အလုပ်လုပ်ရန်အတွက်ဖြစ်ဖြစ်၊ ဆေးကုသမှုခံယူရန်ဖြစ်ဖြစ်၊ ပညာသင်ကြားရန် အတွက်ဖြစ်ဖြစ် အသေးသုံးနိုင်ငံခြားငွေများ(USD, THB) ငွေသား ယူဆောင်သွားနိုင်ရန် A bank မှ ဖော်ပြပါ ငွေလဲလှယ်ရေးကောင်တာများတွင် နေ့စဉ် Bank Customer Dealing (WAR) Weighted Average Rate ဖြင့် နိုင်ငံခြားငွေများ ဝယ်ယူနိုင်ပါပြီ။
လိုအပ်သည့်အထောက်အထားများမှာ
– ပြည်ပတွင် အလုပ်လုပ်ရန် ထွက်ခွာသူများအနေဖြင့် Passport of Job (PJ)၊ အလုပ်ခန့်စာနှင့် Oversea Worker Identification Card (OWIC)
– ဆေးကုသမှုခံယူရန် ထွက်ခွာသူများအနေဖြင့် ဆေးကုသမှုဆိုင်ရာ အထောက်အထားများ
-ပညာသင်ကြားရန်ထွက်ခွာသူများအနေဖြင့် Passport of Education(PE) နှင့် တက်ရောက်မည့်ကျောင်း နှင့် သက်ဆိုင်သည့်စာရွက်စာတမ်းတို့ လိုအပ်ပါသည်။
ဝန်ဆောင်မှုပေးမည့် ဘဏ်ခွဲကောင်တာနှင့် လိပ်စာများ
(၁) နတ်မောက်လမ်း ဘဏ်ခွဲ
အမှတ်(၁၀၈) ၊ ကမ္ဘာအေး ဘုရားလမ်းနှင့် နတ်မောက် လမ်းထောင့်၊ ဗိုလ်ချို(၁) ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။
(၂) ရွှေဂုံတိုင် ဘဏ်ခွဲ
အမှတ်(၁၂၅/ခ)၊ ရွှေဂုံတိုင်လမ်း၊ ဗဟန်းမြို့နယ်(အနောက်ရွှေဂုံတိုင်)၊ ရန်ကုန်တိုင်းဒေသကြီး။
(၃) ဝါးတန်း ဘဏ်ခွဲ
အမှတ်(၇၉၀) ၊ အခန်း(၁၁၂ / ၁၁၃) ၊ မြေညီထပ် ၊ ဓနသီဟအိမ်ယာ ၊ ဝါးတန်းလမ်း၊ လမ်းမတော် မြို့နယ် ၊ ရန်ကုန်မြို့ ။