fbpx

Myanmar Entrepreneurship Summit 2019, "Entrepreneurship 4.0"

မြန်မာနိုင်ငံ
လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (MYEA) က ကြီးမှူး ကျင်းပသည့် စတုတ္ထအကြိမ်မြောက် Myanmar Entrepreneurship Summit 2019, “Entrepreneurship 4.0” အခမ်းအနားကို(၁၆-၁၁-၂၀၁၉)နေ့တွင် ရန်ကုန်မြို့ သာကေတမြို့နယ်ရှိ Fortune Plaza၌ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံ
ကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ တာဝန်ရှိသူများ၊ နိုင်ငံခြားသံရုံးများ မှ သံအမတ်ကြီး များနှင့်သံတမန်များ၊ စီးပွားရေးမိတ်ဖက် အဖွဲ့အစည်းများ၊
မြန်မာနိုင်ငံ
လူငယ်စွန့်ဦး တီထွင်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် အသင်းသားများ၊ ပြည်တွင်း ပြည်ပ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ တိုင်းဒေသကြီး နှင့်ပြည်နယ် များမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ခဲ့ပါသည်။
အဆိုပါပွဲတွင် A bank မှ​ MYEA Inclusive Business Award- Winner, MYEA Inclusive Business- Innovation Award နှင့် MYEA Inclusive Business- Social Impact Award ဆု(၁)ဆုစီအတွက် USD(1500) ကို A bank Executive Director ဉီးစောဒီနိုကူး မှ အသီးသီးချီးမြှင့်​ပေးခဲ့ပါသည်။