၃၄။ A bank VISA Credit Card အား အသုံးပြုရာတွင် မည်သည့် အကြောင်းရင်းများကြောင့် မအောင်မြင် ဖြစ်နိုင် ပါသနည်း။
A bank VISA Credit Card အသုံးပြုရာတွင် စသည့် အောက်ပါ အကြောင်းရင်းများကြောင့် အသုံးပြုခြင်း မအောင်မြင် ဖြစ်နိုင်ပါသည်။ ၄င်းတို့မှာ
- ကဒ် Activate မပြုလုပ်ရသေးခြင်း။
- PIN နံပါတ် မှားယွင်း အသုံးပြုခြင်း။
- အသုံးပြုမှု အတွက် သင်၏ ကဒ်ထဲတွင် ငွေလုံလောက်မှု မရှိခြင်း။
- ATM နှင့် POS စက်များတွင် နေ့စဉ် အသုံးပြုမှု ကန့်သတ် ပမာဏ/အကြိမ်ကို ကျော်လွန် အသုံးပြုခြင်း။
- Online ပေးချေမှုတွင် Expiry Date (သို့) CW လျို့ဝှက်နံပါတ် မှားယွင်း ထည့်သွင်းခြင်း။
- Online ပေးချေမှု အတွက် OTP ပို့ရန် ဘဏ်သို့ ပေးထားသော အချက်အလက်များနှင့် လက်ရှိ အသုံးပြု နေသော အချက်အလက်များမှာ ကိုက်ညီမှု မရှိခြင်း။ OTP မရောက်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။
- ကဒ်အား အသုံးပြုခွင့် ပိတ်ထားခြင်း (သို့) သက်တမ်း ကုန်ဆုံးနေခြင်း။