fbpx

၂၇။ A bank VISA Credit Card အား ပြန်လည် ပေးချေရန် ရွေးချယ် စရာများမှာ အဘယ်နည်း။ ပြန်လည် ပေးချေရန် ငွေပမာဏအား လစဉ် မည်သို့ ပေးချေရမည်နည်း။

A bank VISA Credit Card အား ငွေပြန်လည် ပေးချေရန် ရွေးချယ်စရာ (၂) မျိုးရှိပါသည်။ ၄င်းတို့မှာ

  • အနည်းဆုံး ပေးချေခြင်း – ၁၀,၀၀၀ ကျပ် (သို့) ပြန်လည်ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (ဥပမာ – ၅၀,၀၀၀ ကျပ် သုံးစွဲထားလျှင် ၅,၀၀၀ ကျပ်သာ ပေးချေ၍ မရပါ။ ၁၀,၀၀၀ ကျပ် အနည်းဆုံး ပေးချေရမည်။ ၁၀,၀၀၀ ကျပ် အောက် လျော့နည်းသော ပမာဏ အသုံးပြုထားပါက သုံးထားသည့် ပမာဏအတိုင်း ပြန်လည် ပေးချေရန် လိုအပ်ပါသည်။)
  • အပြည့်အဝ ပေးချေခြင်း – ပြန်လည် ပေးချေရမည့် ငွေပမာဏ၏ (၁၀၀%)

မိမိ နှစ်သက်ရာ လစဉ် ပေးချေနည်းဖြင့် A+ Wallet App (သို့) နီးစပ်ရာ ဘဏ်ခွဲ (သို့) သင့် ဘဏ်စာရင်းမှ အလိုအလျှောက် ငွေပေးချေခြင်း ညွှန်ကြားချက် Direct Debit (DD) တို့ဖြင့် ဘဏ်သို့ ငွေပြန်လည် ပေးချေ နိုင်ပါသည်။