fbpx

၂၃။ A bank VISA Signature Credit Card အား ပြန်လည် ပေးချေရန် ရွေးချယ်စရာများမှာ အဘယ်နည်း။ ပြန်လည် ပေးဆပ်ရန် ငွေပမာဏအား လစဉ် မည်သို့ ပေးချေ ရမည်နည်း။

A bank VISA Signature Credit Card အား ငွေပြန်လည် ပေးချေရန် ရွေးချယ်စရာ (၂) မျိုးရှိပါသည်။ ၎င်းတို့မှာ_

  • အနည်းဆုံး ပေးချေခြင်း – ၁၀,၀၀၀ ကျပ် (သို့) ပြန်လည် ပေးချေရမည့် ငွေပမာဏ၏ (၁၀%) (ဥပမာ ၅၀,၀၀၀ ကျပ် သုံးစွဲထားလျှင် ၅,၀၀၀ ကျပ်သာ ပေးချေ၍ မရပါ။ ၁၀,၀၀၀ ကျပ် အနည်းဆုံး ပေးချေရမည်။ ၁၀,၀၀၀ ကျပ် အောက် လျော့နည်းသော ပမာဏ အသုံးပြုထားပါက သုံးထားသည့် ပမာဏအတိုင်း ပြန်လည်ပေးချေရန် လိုအပ်ပါသည်။
  • အပြည့်အဝ ပေးချေခြင်း – ပြန်လည် ပေးချေရမည့် ငွေပမာဏ၏ (၁၀၀%)

မိမိ နှစ်သက်ရာ လစဉ် ပေးချေနည်းဖြင့် A+ Wallet App (သို့) နီးစပ်ရာ ဘဏ်ခွဲ (သို့) သင့်ဘဏ်စာရင်းမှ အလိုအလျှောက် ငွေပေးချေခြင်း ညွှန်ကြားချက် Direct Debit (DD) တို့ဖြင့် ဘဏ်သို့ ငွေ ပြန်လည် ပေးချေ နိုင်ပါသည်။