fbpx

ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမီတက်၏ AML-CFT ဆိုင်ရာ အသိပညာပေးပို့ချဆွေးနွေးခြင်းအား Online ဖြင့်ကျင်းပပြုလုပ်ခဲ့ခြင်း

ဧရာဝတီတောင်သူလယ်သမားများဖွံ့ဖြိုးရေးဘဏ်လီမီတက်
(A bank) ၏ AML-CFT ဆိုင်ရာ အသိပညာပေးဆွေးနွေးပို့ချခြင်းအား ပြည်ထဲရေးဝန်ကြီးဌာန၏ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေး အဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဌာနတို့မှ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများအား ဖိတ်ခေါ်၍ ၂၀၂၃ ခုနှစ် ၊ ဇန်နဝါရီလ (၁၄) ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်တွင် Online System ဖြင့် ကျင်းပခဲ့ရာ A bank ၏ ဒုတိယဥက္ကဋ္ဌ ဦးဆောင်လျက် အကြီးတန်းစီမံခန့်ခွဲမှုကော်မတီဝင်များ၊ ဌာနကြီးမှူးများ၊ ဒေသဆိုင်ရာအရာရှိကြီးများ၊ ဘဏ်ခွဲမန်နေဂျာများ တက်ရောက်ခဲ့ကြပါသည်။

ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများမှ အသိပညာပေးဆွေးနွေးပို့ချခြင်းမှုမစခင် A bank ၏ Chief Compliance Officer မှ ယခုကဲ့သို့ ကျွမ်းကျင်သူများအားဖိတ်ကြား၍ အသိပညာပေးပို့ချဆွေးနွေးမှု ဆောင်ရွက်ရသည့်ရည်ရွယ်ချက်ကို အကျဉ်းချုပ်ရှင်းလင်းတင်ပြခဲ့ပါသည်။ ထိုနောက် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) မှ ရဲမှူးကြီးမြင့်စိုးက (Myanmar Efforts On AML/CFT and New Finding ML Risks) ခေါင်းစဥ်ဖြင့် လက်ရှိမြန်မာနိုင်ငံ၏အခြေအနေနှင့် FATF ၏ အကဲဖြတ်လုပ်ငန်းစဥ်အဆင့်ဆင့် ဆောင်ရွက်မှုများ၊ လက်ရှိအခြေအနေကိုအောင်မြင်စွာကျော်လွှားနိုင်ရန် ဆက်လက်ကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်ရမည့်အချက်များ၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ဘဏ်များမှ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သောအချက်များအားအကျယ်တဝင့် ရှင်းလင်းဆွေးနွေး ပို့ချခဲ့ပါသည်။

ဆက်လက်၍ ပြည်ထဲရေးဝန်ကြီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာန (BSI) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်အောင် မှ ဘဏ်များအပါအဝင် သတင်းပို့အဖွဲ့အစည်းများမှ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နှင့်အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင်လိုအပ်သော ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ရမည့်အချက်များ (Preventive measures) နှင့် လူအများသေကျေစေသောလက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Proliferation) ဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အကြောင်းအရာများအား ဆွေးနွေးပို့ချခဲ့ပါသည်။

နိဂုံးချုပ်အနေဖြင့် A bank ၏ Risk Management and Compliance Committee အတွင်းရေးမှူးမှ ယနေ့ပြုလုပ်သည့် ဘာသာရပ်ဆိုင်ရာအလိုက် ဆွေးနွေးပို့ချပေးခဲ့သောကျွမ်းကျင်သူများအား A bank ကိုယ်စားအထူးကျေးဇူးတင်ရှိပါကြောင်း နောင်တွင်လည်း ယခုထက်ပိုမိုကျယ်ပြန့်စွာ ဆွေး‌နွေးနိုင်မည့် အလုပ်ရုံဆွေး‌နွေးပွဲပုံစံဖြင့်လည်း ဆောင်ရွက်နိုင်ရန်အစီအစဉ်ရှိပါ၍ ကူညီပံ့ပိုးပေးပါရန် ကြိုတင် မေတ္တာရပ်ခံပါကြောင်း၊ ပြောကြားပြီးဆွေးနွေးပွဲအား ညနေ ၅ နာရီ တွင်ရုတ်သိမ်းခဲ့ပါသည်။

A bank ၏ Compliance Department အနေဖြင့် Learning and Development Department နှင့် ပူးပေါင်း၍ ဘဏ်များမှလက်တွေ့လိုက်နာဆောင်ရွက်ရမည့် AML-CFT ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် အသိပညာပေးသင်တန်းများအား ဘဏ်ခွဲအလိုက်သော်လည်းကောင်း၊ ရုံးချုပ်ဌာနများရှိ ဝန်ထမ်းများအားလုံးကိုလည်းကောင်း၊ ဝန်ထမ်းအသစ်များခန့်ထားပြီးပါက Batch အလိုက်လည်းကောင်း၊ ဝန်ထမ်းများနှင့် (face to face) တွေ့ဆုံ၍ သင်တန်းများ စဉ်ဆက်မပြတ် ပို့ချပေးလျက်ရှိကြောင်းနှင့် အခါအားလျော်စွာ ပြုလုပ်သည့် AML-CFT ဆိုင်ရာ Seminar များအား Online စနစ်ဖြင့် ဘဏ်ခွဲမန်နေဂျာများနှင့် ဝန်ထမ်းများအား တက်ရောက်စေလျက်ရှိပါသည်။